ပညာရှိ လူယဉ်ကျေး
လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏။
သစ်ရွေသမားတို့သည် (လိုတိုင်းရအောင်) သစ်ကို ရွေကုန်၏။
ပညာရှိတို့သည် မိမိကိုယ်ကို (ယဉ်ကျေးအောင်) ဆုံးမကုန်၏။
(ဓမ္မပဒ၊ ပဏ္ဍိတ၀ဂ်၊ ပဏ္ဍိတသာမဏေရ၀တ္ထု)
နတ်တို့၏ အထွတ်အထိပ် မာဃလုလင်
(ကုသိုလ်ကောင်းမှု၌) မမေ့မလျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ ရောက်၏။
(ပညာရှိတို့သည် ကုသိုလ်ကောင်းမှု၌) မမေ့မလျော့ခြင်းကို ချီးမွမ်းကုန်၏။
(ကုသိုလ်ကောင်းမှု၌) မေ့လျော့ခြင်းကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။
(ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ မဃ၀တ္ထု)
မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏ အကြောင်း
မေ့လျော့ခြင်းသည် သေခြင်း၏ အကြောင်းတည်း၊
မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊
မေ့လျော့သူတို့သည် သေသည်မည်ကုန်၏။
( ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ သာမာဝတီဝတ္ထု)
ကောင်းမှုပြုသူ၏ အကျိုး
တမလွန်ဘ၀၌လည်း နှစ်သက်ရ၏။
ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း နှစ်သက်ရ၏။
ငါသည် ကောင်းမှုကို ပြုအပ်ပြီ-ဟု နှစ်သက်ရ၏။
သုဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။
(ဓမ္မပဒ၊ ယမက၀ဂ၊ သုမနဒေ၀ီဝတ္ထု)
လယ်တီဆရာတော်ဘုရား
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင့်အဖျင်း ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။
ဝေဘူဆရာတော်ဘုရား
ဟန်မကျဘဲနဲ့ ဟန်ကျတယ် ထင်နေရင် နည်းနည်းလေးမှ ဟန်မကျသေးဘူး။
ကျေးဇူးတော်အရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး
ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ၊
ရှေ့နာမ်ကို နောက်ဉာဏ်နဲ့ ရှုတာ ၀ိပဿနာ၊
ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ၊
ရှေ့ကဖြစ်ပျက်ကို နောက်ကမဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ၊
အသေကို အရှင်ကကြည့်တာ ၀ိပဿနာ။
တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊ ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ့် ပြောမပြချင်။
ကိုယ့်ကျောင်းနှင့် ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။
အပူအအေး ယှက်ထွေးကာဒဏ်ခံလို့ စုန်အဆန် မြန်းရတဲ့ခရီးမှာကွယ့် ကြီးတဲ့ဒုက္ခ။
မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော် သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊
သူတကာချမ်းသာလို့ ထင်မြင်ကြ။
သို့ကတဲ့... စိတ်ထဲမှာ သံဝေယူလို့၊ ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။
စွန်းလွန်း ဆရာတော်ဘုရားကြီး
“ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ရလိမ့်မယ်။ ထိမှု၊ သိမှု ထိုနှစ်ခု သတိ ကြပ်ကြပ်ပြု။ မရှိတာထက် မသိတာ ခက်တယ်၊ မသိတာထက် မသိချင်တာ ပိုခက်တယ်၊ မသိလျှင် သိအောင်လုပ်ပါ။ မသိဘဲနဲ့ လက်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့ ပါးစပ်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့ စိတ်ဆော့လျှင် ဆင်းရဲတတ်သည်၊ မဆင်းရဲချင်လျှင် ငြိမ်ငြိမ်နေပြီး သိအောင်ကြိုးစား။ အရိယာတွေဖြစ်ဖို့ အများကြီး ကျန်သေးတယ်။”
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
ရွှေဥမင်ဆရာတော် ဘုရားကြီး
၂။ ဖြစ်အောင်လည်း မလုပ်နဲ့၊ ပျက်အောင်လည်း မလုပ်နဲ့၊ ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ်။
၃။ ဖြစ်အောင်လုပ်ရင် လောဘ၊ ပျက်အောင်လုပ်ရင် ဒေါသ၊ ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ။
လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။ ကိလေသာ တရားဆိုးတို့ကို နှိပ်ကွပ် ဆုံးမနိုင်ခြင်းကြောင့် လူကောင်းအဖြစ် မြင်ရခြင်းသာဖြစ်ပြီး ကိလေသာ တရားဆိုးတို့ကို မနှိပ်ကွပ် မဆုံးမနိုင်ခြင်းကြောင့် လူမိုက်အဖြစ် မြင်ရခြင်းသာဖြစ်သည်...
သီတဂူဆရာတော် ဘုရားကြီး
ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ
အရှင်ဝီရိယ (ဓမ္မဘေရီ-တောင်စွန်း)
အသိနဲ့ ကိုယ်ကျင့်တရား ကင်းမဲ့ပြီး ကျေနပ်နေကြတာက “အဓမ္မပီတိ”။
ရွှေစစ်, မစစ်ကို ငရဲမီးနှင့် မှတ်ကျောက် တင်ရသည်၊
သူတော်ကောင်း ဟုတ်, မဟုတ်ကို လောကဓံနှင့် မှတ်ကျောက် တင်ရသည်။
အရှင်ကောဝိဒ(မြိတ်)
ဆရာတော် ဦးဇောတိက
ဓမ္မစေတီဆရာတော် ဘုန်းဘုန်းဦးကောသလ္လ
အရှင်ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)
အရှင်ကောဝိဒ (မဇ္ဈိမဂုဏ်ရည်)
ပညာမဲ့သည် မိမိခန္ဓာကိုယ်ကို ကာမဂုဏ်အတွက် အသုံးချ၍ အပယ်သို့ သွားသည်၊ ပညာရှိသည် မိမိခန္ဓာကိုယ်ကို တရားရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
အရှင်သာဓိန
လမ်းဆုံဆိုတာ ဘယ်အရပ်ကိုပဲသွားချင်သွားချင် သွားလို့ရတဲ့နေရာပဲ၊
ဒါပေမယ့် အဲဒီလမ်းဆုံမှာ လမ်းမှားတွေလည်း ရှိနေတယ်၊ လမ်းမှန်ကလည်း အတိအကျရှိနေပြန်ရော၊
ဒီတော့ လမ်းမှန်ကိုသာ တည့်တည့်လျှောက်ပါ၊ လမ်းမသိရင် လမ်းဆုံမှာ မေးစရာလူတွေရှိတယ်၊ ဗုဒ္ဓစာပေတွေရှိတယ်၊ သိကြားတတ်မြောက် လိမ်မာသူတွေရှိတယ်၊ ဖတ်ပါ၊ မေးပါ၊ လိုရာခရီးကို လွယ်ကူစွာ ရောက်ပါလိမ့်မည်... ဘုန်းဘုန်းဦးသာဓိန (ခေတ္တ-ဘုံဘေတက္ကသိုလ်)
အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
အရှင်ရေ၀တ (ဖားအောက်တောရ)
အရှင်ဝိစိတ္တ
တစ်မျိုးက လောက၀တ်ဖြစ်ပြီး နောက်တစ်မျိုးက ဓမ္မ၀တ်ပါ။
လောက၀တ်ဆိုတာ လောကကြောင်းအရ သတ်မှတ်ထားတဲ့ မိဘနဲ့ သားသမီး ပြုကျင့်ရမယ့် ၀တ်များ၊ ဆရာနဲ့တပည့်၊ လင်နဲ့မယား၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အချင်းချင်း ကျင့်ရမယ့် ၀တ်များ စတာတွေကို ဆိုပါတယ်။
ဓမ္မ၀တ်ဆိုတာ ဘာသာတရားက သွန်သင်ဆုံးမ သတ်မှတ် ပေးထားတဲ့ ငါးပါးသီလကို လုံအောင်ထိန်းမှု၊ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်မှု၊ သီလ သမာဓိ ပညာ ပြည့်စုံအောင် အားထုတ်မှု စတာတွေပါ။ ဒီတော့ကာ လောက၀တ်ကို မလိုက်နာဘဲ ဖောက်ဖျက်ရင် ပစ္စုပ္ပန်မှာ ဆင်းရဲဒုက္ခ ရောက်ရတတ်ပြီး ဓမ္မ၀တ်ကို မလိုက်နာ မကျင့်သုံးရင် သံသရာမှာ ဆင်းရဲဒုက္ခ ရောက်တတ်ပါတယ်။ ဒါကြောင့် အတိုချုပ် ပြောရရင် …လောက၀တ်လည်း မချွတ်စေနဲ့ ဓမ္မ၀တ်လည်း မလွတ်စေနဲ့… ဆိုတာပါပဲကွယ်…။