Saturday, April 24, 2010

ဆရာတော်များ၏ မှတ်သားစရာစကားများ

ပညာရှိ လူယဉ်ကျေး

မြောင်းတူး ရေယူသမားတို့သည် (အလိုရှိရာသို့) ရေကို ဆောင်ယူကုန်၏။
လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏။
သစ်ရွေသမားတို့သည် (လိုတိုင်းရအောင်) သစ်ကို ရွေကုန်၏။
ပညာရှိတို့သည် မိမိကိုယ်ကို (ယဉ်ကျေးအောင်) ဆုံးမကုန်၏။

(ဓမ္မပဒ၊ ပဏ္ဍိတ၀ဂ်၊ ပဏ္ဍိတသာမဏေရ၀တ္ထု)

နတ်တို့၏ အထွတ်အထိပ် မာဃလုလင်

မာဃလုလင်သည်
(ကုသိုလ်ကောင်းမှု၌) မမေ့မလျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ ရောက်၏။
(ပညာရှိတို့သည် ကုသိုလ်ကောင်းမှု၌) မမေ့မလျော့ခြင်းကို ချီးမွမ်းကုန်၏။
(ကုသိုလ်ကောင်းမှု၌) မေ့လျော့ခြင်းကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။

(ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ မဃ၀တ္ထု)

မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏ အကြောင်း

မမေ့မလျော့ခြင်းသည် နိဗ္ဗာန်အကြောင်းတည်း၊
မေ့လျော့ခြင်းသည် သေခြင်း၏ အကြောင်းတည်း၊
မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊
မေ့လျော့သူတို့သည် သေသည်မည်ကုန်၏။

( ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ သာမာဝတီဝတ္ထု)

ကောင်းမှုပြုသူ၏ အကျိုး

ကောင်းမှုပြုသူသည် ဤဘ၀၌လည်း နှစ်သက်ရ၏။
တမလွန်ဘ၀၌လည်း နှစ်သက်ရ၏။
ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း နှစ်သက်ရ၏။
ငါသည် ကောင်းမှုကို ပြုအပ်ပြီ-ဟု နှစ်သက်ရ၏။
သုဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။

(ဓမ္မပဒ၊ ယမက၀ဂ၊ သုမနဒေ၀ီဝတ္ထု)

လယ်တီဆရာတော်ဘုရား

ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်။ နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင့်အဖျင်း ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။

ဝေဘူဆရာတော်ဘုရား

ကိုယ့်ကိုယ်ကို ဟန်မကျတာ ဟန်မကျမှန်းသိမှ ဟန်ကျမယ်။
ဟန်မကျဘဲနဲ့ ဟန်ကျတယ် ထင်နေရင် နည်းနည်းလေးမှ ဟန်မကျသေးဘူး။

ကျေးဇူးတော်အရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး

အရှိနှင့်အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ၊
ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ၊
ရှေ့နာမ်ကို နောက်ဉာဏ်နဲ့ ရှုတာ ၀ိပဿနာ၊
ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ၊
ရှေ့ကဖြစ်ပျက်ကို နောက်ကမဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ၊
အသေကို အရှင်ကကြည့်တာ ၀ိပဿနာ။

မဟာစည် ဆရာတော်ဘုရားကြီး

မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာမည်...


မင်းကွန်းဆရာတော် ဘုရားကြီး

တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊ ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ့် ပြောမပြချင်။
ကိုယ့်ကျောင်းနှင့် ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။
အပူအအေး ယှက်ထွေးကာဒဏ်ခံလို့ စုန်အဆန် မြန်းရတဲ့ခရီးမှာကွယ့် ကြီးတဲ့ဒုက္ခ။
မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော် သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊
သူတကာချမ်းသာလို့ ထင်မြင်ကြ။
သို့ကတဲ့... စိတ်ထဲမှာ သံဝေယူလို့၊ ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။

စွန်းလွန်း ဆရာတော်ဘုရားကြီး

“ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ရလိမ့်မယ်။ ထိမှု၊ သိမှု ထိုနှစ်ခု သတိ ကြပ်ကြပ်ပြု။ မရှိတာထက် မသိတာ ခက်တယ်၊ မသိတာထက် မသိချင်တာ ပိုခက်တယ်၊ မသိလျှင် သိအောင်လုပ်ပါ။ မသိဘဲနဲ့ လက်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့ ပါးစပ်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့ စိတ်ဆော့လျှင် ဆင်းရဲတတ်သည်၊ မဆင်းရဲချင်လျှင် ငြိမ်ငြိမ်နေပြီး သိအောင်ကြိုးစား။ အရိယာတွေဖြစ်ဖို့ အများကြီး ကျန်သေးတယ်။”

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ

လူ့ဘုံထုံးစံ ကဲ့ရဲ့ဒဏ်ဖြင့် ရန်မာန်ပိတ်သဲ ခရီးခဲ၌ စိတ်ဇွဲသန်သန် နောက်မပြန်ဘဲ ရဲမာန်ရဲသွေး ရဲစိတ်မွေးလျက် ရဲသွေးနီနီ စီရရီဖြင့် ဦးတည်မပျက် ရှေ့သို့ဆက်လော့။

ရွှေဥမင်ဆရာတော် ဘုရားကြီး

၁။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့ စိုက်မရှုနဲ့၊ ထိန်းမရှုနဲ့၊ လုပ်မရှုနဲ့၊ ချုပ်မရှုနဲ့၊
၂။ ဖြစ်အောင်လည်း မလုပ်နဲ့၊ ပျက်အောင်လည်း မလုပ်နဲ့၊ ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ်။
၃။ ဖြစ်အောင်လုပ်ရင် လောဘ၊ ပျက်အောင်လုပ်ရင် ဒေါသ၊ ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ။


ဖားအောက်တောရ ဆရာတော် ဘုရားကြီး

လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။ ကိလေသာ တရားဆိုးတို့ကို နှိပ်ကွပ် ဆုံးမနိုင်ခြင်းကြောင့် လူကောင်းအဖြစ် မြင်ရခြင်းသာဖြစ်ပြီး ကိလေသာ တရားဆိုးတို့ကို မနှိပ်ကွပ် မဆုံးမနိုင်ခြင်းကြောင့် လူမိုက်အဖြစ် မြင်ရခြင်းသာဖြစ်သည်...

သီတဂူဆရာတော် ဘုရားကြီး

ငါတို့ ဖြစ်ရ၊ ဤလောက၀ယ်၊ ဘ၀သမိုင်း၊ မရိုင်းစေရန်၊ စိတ်မာန်မချ၊ မာနမပါ၊ ဒို့ စွမ်းရာဖြင့်၊ ဒို့ သာသနာ၊ ဒို့ ပြည့်ရွာကို၊ သာယာစေမှု၊ လုလ္လပြုအံ့။

ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ

ဘယ်မှာနေနေပါကွယ်၊ နေတဲ့နေရာ ကိုယ့်အိမ်လို့မှတ်နေ၊ ဘာလုပ်လုပ် ကိုယ့်ပစ္စည်း ကိုယ့်အလုပ်ပဲ မှတ်ပေါ့၊ ဒါဆို ပြီးရောပေါ့။

အရှင်ဝီရိယ (ဓမ္မဘေရီ-တောင်စွန်း)

အသိနဲ့ ကိုယ်ကျင့်တရား ပြည့်စုံပြီး ကျေနပ်နေကြတာက “ဓမ္မပီတိ”၊
အသိနဲ့ ကိုယ်ကျင့်တရား ကင်းမဲ့ပြီး ကျေနပ်နေကြတာက “အဓမ္မပီတိ”။

အရှင်ဝါသေဋ္ဌာ ဘိဝံသ (ကျောက်တလုံး ဆရာတော်)

ရွှေစစ်, မစစ်ကို ငရဲမီးနှင့် မှတ်ကျောက် တင်ရသည်၊
သူတော်ကောင်း ဟုတ်, မဟုတ်ကို လောကဓံနှင့် မှတ်ကျောက် တင်ရသည်။

အရှင်ကောဝိဒ(မြိတ်)

"ဘဝတစ်ခုရဲ့ အရေးကြီးဆုံး အချိန်ဟာ ဘဝနေဝင်ချိန် (သေဆုံးခါနီး)ပဲလို့ လူတိုင်း သိနေပေမယ့် အမှန်တကယ်တော့ ယခု သင်စာဖတ်နေတဲ့ ဖြစ်ဆဲခဏ အချိန်လေးသာ သင့်ဘဝရဲ့ အရေးကြီးဆုံး အချိန်ဖြစ်ပါတယ်..."

ဆရာတော် ဦးဇောတိက

သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်က လှုပ်ရှားရမယ်ဆိုရင် ကိုယ့်ဘ၀ဟာ သူများပါးစပ်မှာ လမ်းဆုံးသွားမယ်။

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ

အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေသည်။

ဓမ္မစေတီဆရာတော် ဘုန်းဘုန်းဦးကောသလ္လ

ဗုဒ္ဓ၏ တရားဓမ္မများကို နာယူပြီးတိုင်း အကျယ်အားဖြင့် သူတစ်ပါးကို ပြောပြခြင်း၊ ကိုယ်တိုင်ရွတ်ဖတ်ခြင်း၊ စိတ်ဖြင့် ကြံစည်သုံးသပ်ခြင်း၊ တရားတော်လာ သဘာဝတို့ကို ရှုမှတ်ခြင်း၊ ပညာရှိတို့ထံ မေးမြန်းခြင်းဖြင့် ယုံမှားမှုကို ပယ်ဖျောက်ခြင်းတို့အား တရားနာယူပြီးတိုင်း ဆောင်ရွက်ရမည့် ကျင့်စဉ်ဖြစ်၏။

အရှင်ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)

ကုသိုလ်ကောင်းမှုဆိုတာ အချိန်တိုင်း နေရာတိုင်းမှာ ရှိတယ်၊ ကုသိုလ်မှန်သမျှကို သတိက ပိုင်တယ်၊ သတိကို သူတော်ကောင်းက ပိုင်တယ်။

အရှင်ကောဝိဒ (မဇ္ဈိမဂုဏ်ရည်)

လွတ်ရာလမ်းကိုရှာနေ၊ လည်ရာလမ်းကို မလျှောက်နဲ့ သံသရာမှာ ဆင်းရဲရှည်ရှည်နဲ့ တွေ့မယ်။ လမ်းမှန်ညွှန်ပြသည့် တရားတွေ၊ ဓမ္မစာပေတွေ များများနာယူ၊ များများဖတ်ပါ။ ဒါမှ အသိဥာဏ်တွေ ရင့်လာ ဘ၀ချမ်းသာ နိဗ္ဗာန်ချမ်းသာ ဧကန်မုချ ရကြမည်။

အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာ)

ပညာမဲ့သည် မိမိခန္ဓာကိုယ်ကို ကာမဂုဏ်အတွက် အသုံးချ၍ အပယ်သို့ သွားသည်၊ ပညာရှိသည် မိမိခန္ဓာကိုယ်ကို တရားရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

သူရဲကောင်းဆိုတာ ကိလေသာဖြစ်မယ့် ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။

အရှင်သာဓိန

ဟောဒီ ခုရောက်ရှိနေတဲ့ဘ၀လေးဟာ တကယ်ဆိုတော့ လမ်းဆုံလေး တစ်ခုပဲ၊
လမ်းဆုံဆိုတာ ဘယ်အရပ်ကိုပဲသွားချင်သွားချင် သွားလို့ရတဲ့နေရာပဲ၊
ဒါပေမယ့် အဲဒီလမ်းဆုံမှာ လမ်းမှားတွေလည်း ရှိနေတယ်၊ လမ်းမှန်ကလည်း အတိအကျရှိနေပြန်ရော၊
ဒီတော့ လမ်းမှန်ကိုသာ တည့်တည့်လျှောက်ပါ၊ လမ်းမသိရင် လမ်းဆုံမှာ မေးစရာလူတွေရှိတယ်၊ ဗုဒ္ဓစာပေတွေရှိတယ်၊ သိကြားတတ်မြောက် လိမ်မာသူတွေရှိတယ်၊ ဖတ်ပါ၊ မေးပါ၊ လိုရာခရီးကို လွယ်ကူစွာ ရောက်ပါလိမ့်မည်... ဘုန်းဘုန်းဦးသာဓိန (ခေတ္တ-ဘုံဘေတက္ကသိုလ်)

အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန် မဟုတ်တော့ပါဘူး၊ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန် ဖြစ်နေပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ သေဖို့က တဖြည်းဖြည်း နီးလာပြီလေ။

ဆရာတော် ဦးသုမင်္ဂလ

လောကကြီး ပျက်နေပြီတဲ့၊ ရမ်းမပြောနဲ့… ကိုယ့်ကိုယ်ကို ပြန်ကြည့်ဦး။

အရှင်ရေ၀တ (ဖားအောက်တောရ)

အမြဲမပြတ် ကိလေသာမီး တညီးညီး တောက်လောင်နေပါလျက် အဘယ်ကြောင့် သင်တို့ ပျော်မြူးရယ်ရွှင် နေဘိသနည်း၊ အဘယ်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်နေဘိသနည်း။

အရှင်ဝိစိတ္တ

လောကသားတိုင်း လိုက်နာ ကျင့်ဆောင်သင့်တဲ့ ၀တ်နှစ်မျိုး ရှိပါတယ်။
တစ်မျိုးက လောက၀တ်ဖြစ်ပြီး နောက်တစ်မျိုးက ဓမ္မ၀တ်ပါ။
လောက၀တ်ဆိုတာ လောကကြောင်းအရ သတ်မှတ်ထားတဲ့ မိဘနဲ့ သားသမီး ပြုကျင့်ရမယ့် ၀တ်များ၊ ဆရာနဲ့တပည့်၊ လင်နဲ့မယား၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အချင်းချင်း ကျင့်ရမယ့် ၀တ်များ စတာတွေကို ဆိုပါတယ်။
ဓမ္မ၀တ်ဆိုတာ ဘာသာတရားက သွန်သင်ဆုံးမ သတ်မှတ် ပေးထားတဲ့ ငါးပါးသီလကို လုံအောင်ထိန်းမှု၊ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်မှု၊ သီလ သမာဓိ ပညာ ပြည့်စုံအောင် အားထုတ်မှု စတာတွေပါ။ ဒီတော့ကာ လောက၀တ်ကို မလိုက်နာဘဲ ဖောက်ဖျက်ရင် ပစ္စုပ္ပန်မှာ ဆင်းရဲဒုက္ခ ရောက်ရတတ်ပြီး ဓမ္မ၀တ်ကို မလိုက်နာ မကျင့်သုံးရင် သံသရာမှာ ဆင်းရဲဒုက္ခ ရောက်တတ်ပါတယ်။ ဒါကြောင့် အတိုချုပ် ပြောရရင် …လောက၀တ်လည်း မချွတ်စေနဲ့ ဓမ္မ၀တ်လည်း မလွတ်စေနဲ့… ဆိုတာပါပဲကွယ်…။

အရှင်နာယကာ လင်္ကာရ

ကိုယ်ဖြစ်ကိုယ်ခံလောကကြီးထဲမှာ ဘယ်သူမှ မကယ်နိုင်ဘူး။ မသေခင်မှာ ကောင်းကောင်းနေကြ။


အရှင်တိက္ခဉာဏာ လင်္ကာရ

လူတိုင်းမှာ အစွမ်းကိုယ်စီ ရှိကြတယ်၊ ဒါပေမယ့် အဲဒီအစွမ်းအစတွေနဲ့ လူသားတွေအတွက် တတ်နိုင်သလောက် အကျိုးပြုပေးဖို့ စစ်မှန်တဲ့မေတ္တာ ထက်သန်တဲ့ ဆန္ဒတွေတော့ ရှိဖို့လိုအပ်တယ်။

အရှင်ဥတ္တမသာရ

ကိုယ်လုပ်စရာရှိတာ အစွမ်းကုန်လုပ်၊ မမျှော်နဲ့၊ မပူနဲ့။ မျှော်ရင်၊ ပူရင် ဒုက္ခရောက်မယ်။

အရှင်ဝိဇ္ဇောတ

နေပူထဲကလေဟာ အေးမြတယ်လို့ ထင်ရပေမယ့် အပူငွေ့တွေ ပါနေတယ်...

ဃောသကသူဌေး မောင်နှံ

ကောသမ္ဗီသူဌေးကြီးသည် သေအံ့ဆဲဆဲ ဖြစ်နေခိုက်မှာပင် ဃောသကအပေါ် မလိုမုန်းထားရှိနေသည်။ မိမိသေ ဆုံးပါက ဃောသက အမွေရမည်စိုးသဖြင့် တပည့်တယောက်ကို လွှတ်၍ ဃောသကသူဌေး ဇနီးမောင်နှံအား ခေါ်စေသည်။

ဃောသက၏ မယားကား လိမ္မာ၍ ဉာဏ်ထက်မြက်သူ ဖြစ်သည်။ သူသည် သူဌေးကြီး၏ အကြံကို ရိပ်မိသည်။ ထို့ကြောင့် အခေါ်လာသူအား မောင်ကြီး-သူဌေးကြီး၏ရောဂါ မည်သို့အခြေအနေ ရှိပါသနည်း-ဟု မေး၏။ ထိုသူက သူဌေးကြီး၏ ရောဂါကား ပြင်းလှသည်။ သို့သော် အစာဝင်ပါသေးသည်-ဟု ဆို၏။ ဤတွင် ဃောသက၏မယားသည် ထိုသူအား ခေတ္တဆိုင်းငံ့ပါဦး-ဟုဆိုကာ မပြန်စေဘဲ ကျွေးမွေးပြုစုစောင့်ရှောက် ထားသည်။

သူဌေးကြီးသည် စေလွှတ်သော တပည့်လည်း ပြန်ရောက်မလာ။ ဃောသကလည်း ပေါ်မလာသဖြင့် ဒုတိယတပည့်ကို စေလွှတ်ပြန်သည်။ ထိုဒုတိယတပည့်ကိုလည်း ဃောသက၏ မယားက သူဌေးကြီး၏ ရောဂါအခြေအနေကို မေးမြန်းပြန်သည်။ ထိုသူက အရှင်မ-သူဌေးကြီး၏ ရောဂါ အလွန်သည်းနေပြီ၊ အစာမ၀င်ဘဲ သေအံ့ဆဲဆဲ ဖြစ်နေပြီ-ဟု ဆို၏။

ဤတွင် ဃောသက၏မယားသည် ဃောသကအား အကြောင်းစုံပြောပြသည်။ ထို့နောက် ဃောသကနှင့်အတူ ကောသမ္ဗီမြို့သို့ လှည်းဖြင့် လာခဲ့ကြသည်။ လမ်းတွင် ဃောသက၏ မယားသည် သူဌေးကြီးထံရောက်သော် မည်သို့ပြုမူရမည်ကို ဃောသကအား မှာထားသည်။ သူပြုမည့်အစီအစဉ်ကိုလည်း ပြောထားသည်။

သူဌေးကြီးထံရောက်သော် ဃောသက၏ မယားသည် သူဌေးကြီး လဲလျောင်းနေရာ ဦးခေါင်းရင်းမှာ ထိုင်သည်။ ဃောသကကိုမူ သူဌေးကြီး၏ ခြေရင်း၌ ထိုင်စေသည်။ မိမိတို့၏ အဖော်တပည့်တို့ကိုကား အိမ်ရှေ့အိမ်နောက်၌ အစောင့်ချထားသည်။

သူဌေးကြီးသည် ဃောသကကို မြင်သောအခါ စာရင်းထိန်းကို ခေါ်သည်။ မိမိပိုင်ပစ္စည်းတို့ကို မေးသည်။ စာရင်းထိန်းက ကုဋေလေးဆယ်သော ဥစ္စာတို့နှင့်တကွ အခြားသက်ရှိသက်မဲ့ ပစ္စည်းများစာရင်းကို ပြောပြသည်။ သူဌေးကြီးသည် ဤမျှသော ဥစ္စာတို့ကို ငါ့သား ဃောသကအား ငါမပေးပါ-ဟုဆိုလိုပါလျက် မိန်းမောနေသဖြင့် ငါပေးပါ၏-ဟုဆိုမိသည်။ သို့ဆိုမိသဖြင့် စကားပြင်၍ ပြောမည်ပြုသည်။ ထိုအခါ ဃောသကမယားက စကားပြင်၍ မပြောနိုင်အောင် သူဌေးကြီး၏ ရင်ဘတ်ပေါ်ဝယ် ခေါင်းတင်၍ ငိုကြွေးသည်။ ထိုအခိုက်မှာပင် သူဌေးကြီး ကွယ်လွန်သွားလေသည်။

ကောသမ္ဗီသူဌေးကြီး ကွယ်လွန်ကြောင်းကို သက်ဆိုင်သူတို့က ဥတေနမင်းကြီးအား တင်လျှောက်ကြသည်။ မင်းကြီးလည်း ဃောသကကို ခေါ်ယူသည်။ သင့်ဖခင် သူဌေးကြီး၏ အမွေကို ဆက်ခံခွင့်ပေးမည်-ဟု ပြောဆို ကတိပေးလိုက်သည်။

ဃောသကသည် နန်းတော်သို့လာစဉ် လမ်းခရီး၌ တွေ့ရသော ရေအိုင်ငယ်များကို ကလေးသဖွယ် ခုန်လွှား၍ လာခဲ့သည်။ အပြန်တွင်ကား မခုန်လွှားတော့။ လူကြီးသဖွယ် ဣနြေ္ဒရစွာဖြင့် ကွေ့ရှောင်၍သွားသည်။ ဤအခြင်းအရာကို ဥတေနမင်းကြီး သတိပြုမိသွားသည်။ ဃောသကအား ပြန်ခေါ်၍ အကြောင်းရင်းကို မေးသည်။

ဃောသကက အရှင်မင်းကြီးက သူဌေးအရာပေးမည်ဟု ကတိပေးသဖြင့် သူဌေးတို့ဣနြေ္ဒနှင့်အညီ တည်ငြိမ်စွာ သွားလာခြင်းဖြစ်ပါသည်-ဟူ၍ တင်လျှောက်သည်။ မင်းကြီးလည်း ဃောသက၏ စိတ်ထားကို နှစ်သက် သွားသည်။ သူဌေးကြီး၏ အမွေအားလုံးကို ချက်ချင်းပေးလိုက်သည်။ ဃောသကသည် သူဌေးကြီးဖြစ်လာပြီး ဃောသက၏ မယားလိမ္မာသည်လည်း သူဌေးကတော်ကြီး ဖြစ်လာလေသည်။

ဃောသကသူဌေးသည် သူဌေးကတော်နှင့် မိတ်ဆွေများ၏ ဖွင့်ဟပြောဆိုချက်အရ ကောသမ္ဗီသူဌေးကြီးက မိမိအားသတ်ရန် အမျိုးမျိုးကြံစည်ခဲ့သည်တို့ကို သိရသည်။ ထိုအခါ များစွာ သံဝေဂရမိသည်။ ငါသည် ကံထူးလှသဖြင့် သေဘေးမှ လွတ်ခဲ့ရသည်။ မေ့မေ့လျော့လျော့ မနေသင့်၊ အသက်ရှင်ခိုက် ကုသိုလ်ကောင်း မှုများကို မမေ့မလျော့ပြုမှ တော်ချေမည်-ဟု ဆိုကာ နေ့စဉ် အသပြာတထောင် စွန့်ကြဲလှူဒါန်းလေသည်။
( အပ္ပမာဒ၀ဂ်-သာမာဝတီဝတ္ထု)

ပညာရှိ လူယဉ်ကျေး
မြောင်းတူး ရေယူသမားတို့သည် (အလိုရှိရာသို့) ရေကို ဆောင်ယူကုန်၏။
လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏။
သစ်ရွေသမားတို့သည် (လိုတိုင်းရအောင်) သစ်ကို ရွေကုန်၏။
ပညာရှိတို့သည် မိမိကိုယ်ကို (ယဉ်ကျေးအောင်) ဆုံးမကုန်၏။

(ဓမ္မပဒ၊ ပဏ္ဍိတ၀ဂ်၊ ပဏ္ဍိတသာမဏေရ၀တ္ထု)

နတ်တို့၏ အထွတ်အထိပ် မာဃလုလင်
မာဃလုလင်သည်
(ကုသိုလ်ကောင်းမှု၌) မမေ့မလျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ ရောက်၏။
(ပညာရှိတို့သည် ကုသိုလ်ကောင်းမှု၌) မမေ့မလျော့ခြင်းကို ချီးမွမ်းကုန်၏။
(ကုသိုလ်ကောင်းမှု၌) မေ့လျော့ခြင်းကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။
(ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ မဃ၀တ္ထု)

ဝန်ခံချက်= မင်္ဂလာသတင်းစဉ်မှ ကူးယူဖော်ပြပါသည်

ချစ်စန်းမောင်သမီးလေး

သီချင်းလေးတွေ

Wednesday, April 21, 2010

စာအုပ်များဒေါင်းလို့ရအောင်လို့ပါ

ရဝေနွယ် _လူတော်လူကောင်းနှင့် အကုသိုလ်ပယ်နည်း
ဂဠုန်ဦးစော _ ဂျာပန်လမ်းညွှန်
ဗုဒ္ဓဘာသာဆုမ္မစာ
ဦးကံမြင့် _ မြန်မာရာဇ၀င်ပုံပြင်ဝတ္ထု
အရှင်နန္ဒာဘိဓဇ _ ပူရာဏ်ကျမ်း
ဒဂုန်တာရာ _ မေ
ဒေါက်တာနိုင်ပန်းလှ _ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း
မဟာပညာကျော်လျှောက်ထုံး
မင်းသိင်္ခ _ တူသော..၀တ္ထုတိုများ
မင်းသိင်္ခ _ မင်းမေးတိုင်း ငါကဖြေရမှာလား
စိုးဝင်းထွဋ် _ ဘ၀တစ်လျှောက်စိတ်အေးချမ်းစွာနေသွားနည်း
စိုင်းစိုင်းခမ်းလှိုင် _ မင်ရည်ကျဲ၏ မကျဲ၏
ဒေါက်တာအောင်ခင်ဆင့် _ ဖို + မ ဆက်ဆံရေး
မင်းဓါတု _ ရင်သားကင်ဆာသိကောင်းစရာများ
ချစ်စံဝင်း _ တီထွင်မှုမှော်ဝိဇ္ဖာကြီး အယ်လ်ဗာအယ်ဒီဆင်
ဒေါက်တာအောင်ကိုကို _ ဈေးကွက်စီးပွါးရေးစနစ်နှင့် စီးပွါးရေးပေါ်လစီ
မာလာ _ နှစ်ထပ်ဆလံ
ဒေါက်တာဖေမောင်တင် _ မြစေတီ-မွန်ကျောက်စာ
နီကိုရဲ _ နှလုံးသား နှင့်ကန်တဲ့ဘော်လုံး
ဗိုလ်အေးမောင် _ ၀ဏ္ဏပပ
ဦးဥာဏိန္ဒ _ ၀ံသာနုရက္ခိတ၀ိနိစ္ဆယ ဒီပနီ
မင်းသုဝဏ် _ သပြေညို
အာဆီယံ ပဋိဥာဉ်စာတမ်း
ချစ်စံဝင်း _ တော်ဝင်စံထားမိန်းမသား
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း _ ချက်ပြုတ်အတတ်ပညာ

ဝင်းငြိမ်း _ အမှတ်တရ ရွှေ၆၀
စမ်းစမ်းနွဲ့ _ နေပန်းပွင့်၏အပြာရောင်စာမျက်နှာသစ်
မောင်ရေအေး _ ခေတ်ပြိုင် အိုင်ကျူ
နန္ဒသူ _ ဟယ်ရီပေါ်တာနှင့်ပြဒါးရှင်လုံး
ပိတောက်မြေဆောင်းပါးပေါင်းချုပ်

မြင့်စိုးလှိုင် _ သံယောဇဉ်ဖေဖေ
မြင့်ထွန်း _ ဗိုလ်ချုပ်အောင်ဆန်း၏ အမွိုင်သို့လျှို့ဝှက်ခရီး
ချစ်ဦးညို _ နေမင်းလမင်းသိန်းရာထောင်
ချစ်စံဝင်း _ လူငယ်များကမေးကြသည် ၂
အရှင်နာယကာလင်္ကာရ _ ဘုရားရှင်တို့၏လက္ခဏာတော်(၃၂)ပါး
အကြည်တော် _ မိန်းမဋီကာ
ဒဂုံခင်ခင်လေး _ ရတနာပုံ၏နိဒါန်းနှင့်နိဂုံး ဒုတိယပိုင်း
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်ဘုရားကြီး၏ရာဇသတ် . ပထမပိုင်း

*********************************************************************************
ကိုစံ _ ခန္ဓာငါးပါးပျောက်ဆုံးခြင်းတရား

ကိုတာ _ တွေးသူများ

ကိုတာ + _ လူငယ်တို့ရဲ့ အနာဂါတ်စကားဝိုင်း

ကိုဘတင် _ နက္ခတ္တ ဒီပနီကျမ်း

ကင်းဝန်မင်းကြီး _ နေမိ ရကန်

ကင်းဝန်မင်းကြီး _ ပြင်သစ်နိုင်ငံသွား နေ့စဉ်မှတ်တမ်း

ကျီးသဲလေးထပ်ဆရာတော် _ စွယ်စုံကျော်ထင်ကျမ်း

ကြည်ကြည်မာ _ ဟယ်ရီပေါ်တာနှင့် အက်ဇခါဘန်အကျဉ်းသား

ကျွန်းပြန်ရဲဘော်တစ်ချို့ _ အမြင့်ပျံလင်းယုန်အားဂုဏ်ပြုခြင်း

ခင်ဆွေဦး _ စစ်ကိုင်းသမီး ဒိုင်ယာရီ

ခင်မောင်အေး _ ရောင်စုံရုပ်ပြပဋ္ဌာန်း၂၄ပစ္စည်းနှင့်ရှင်ချက်များ

ချစ်စံဝင်း _ အရည်အသွေး

ချစ်စိန်လွင် _ ဆောင်ကြာမြိုင်မှတ်တမ်း

ချစ်နိုင် _ အနှစ် ၃၀

ချစ်ဦးညို _ စက္ကရုနှင့်ဘဒ္ဒါ

ချစ်ဦးညို _ ရုက္ခစိုးမယားနဲ့အခြားပြိတ္တာများ

ချမ်းမြေ့ဆရာတော် _ ကံနှင့်တမလွန်ဘဝ

ချမ်းမြေ့ဆရာတော် _ ဓမ္မကဗျာ ပဒေသာ

ချမ်းမြေ့ဆရာတော် _ ပစ္စည်းလေးပါးတရားတော်

ချမ်းမြေ့ဆရာတော် _ ဘ၀အတန်တန် ကံအထွေထွေ

ချမ်းမြေ့ဆရာတော် _ လူငယ်သင် အခြေပျိုး ဗုဒ္ဓဘာသာ

ချမ်းမြေ့ဆရာတော် _ သစ္စာလေးပါးတရားတော်

ဂျာနယ်ကျော် မမလေး _ သွေး

ဂျာနယ်ကျော် ဦးချစ်မောင် _ သူ

ငွေကြည် _ ကြွကြွရွရွ ဟာသ

ငွေကြည် _ တိုတိုထွာထွာ ဟာသ

ငွေကြည် _ ပြည့်ပြည့်၀၀ ဟာသ

ငွေကြည် _ မက်မပြေဟာသ

ငွေကြည် _ လူတိုင်းကြိုက်တဲ့ဟာသ

ငွေကြည် _ အူလှိုက်သည်းလှိုက်ဟာသ

ငွေဥဒေါင်း _ ဗုဒ္ဓစာပန်းချီ ပထမတွဲ

ငွေဥဒေါင်း _ ဗုဒ္ဓစာပန်းချီ ဒုတိယတွဲ

ငွေဥဒေါင်း _ ဗုဒ္ဓစာပန်းချီ တတိယတွဲ

ငွေဥဒေါင်း _ ဗုဒ္ဓစာပန်းချီ စတုတ္ထတွဲ

ငွေဥဒေါင်း _ ဗုဒ္ဓစာပန်းချီ ပဉ္စမတွဲ

စံဇာဏီဘို _ အချစ်ဗေဒင်

စံဇာဏီဘို _ အချစ်လက္ခဏာ

စိုးနေလင်း _ ဒေါက်တာစင်သီယာမောင် သို့မဟုတ် အရိပ်ကောင်းသောသစ်တစ်ပင်


စိန်စိန် _ ရွှေရောင်ညနှင့်အခြားဝတ္ထုတိုများ

ဆရာဘေ _ ဇမ္ဗုပတိမင်းချွတ်ခန်းဝတ္ထု

ဆရာလွန်း _ ပိဋကတ်အသွား.နတ်လမ်းညွှန်အဆန်း

ဆန်းလွင် _ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ ,၀င်းလိုက်ပုံနှိပ်တိုက် , ရန်ကုန် , ၁၉၉၉ ဇန္န၀ါရီ

ဆန်းလွင် _ ဥာဏ်လမ်းပေါ်လျှောက်လူတစ်ယောက်အကြောင်း

ဆန်းလွင် _ ဖြစ်တည်ခြင်းပဓါန၀ါဒ နှင့် လူသားပဓါန၀ါဒ

ဆန်းလွင် _ ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်လူသူ တစ်ယောက်အကြောင်း

ဆွေမင်း. ဓနုဖြူ _ ဘ၀တစ်ခုအမှတ်ရ

ဇ၀န _ ကားထဲကမိန်းကလေး

ဇ၀န _ ကျွန်တော့်လင်

ဇ၀န _ ဆိုးပေ ၁ , မယာမီဒီယာပုံနှိပ်တိုက် , ရန်ကုန် , ၂၀၀၀ မေလ

ဇ၀န _ ဆိုးပေ ၂

ဇ၀န _ ဆိုးပေ ၃

ဇ၀န _ သူပုန်ကြီး

ဇေယျ _ ဇေယျ စာတန်း , ညွှန့်ဋ္ဌေးစာပေတိုက် , ရန်ကုန် , ၁၉၆၅

ဇေယျ _ မြန်မာမျက်ပွင့်

ဇော်ဂျီ _ ညီသစ်ဆင်းကဗျာစု ,အင်ကြင်းဦးပုံနှိပ်တိုက် , ရန်ကုန် , ၂၀၀၃ ဧပြီ

ဇင်သန့် _ စာဖတ်ခြင်း ၁

ဇင်သန့် _ စာဖတ်ခြင်း ၂

ဇင်သန့် _ စာဖတ်ခြင်း ၃

ညာဏ၀ံသ _ ဂဗ္ဒလီလာကြဏ်း , ဟံသာဝတီသတင်းစာတိုက် , ရန်ကုန် , ၁၈၉၉

ညိုသောင်း _ ဘာသာကြီးလေးခု အနှစ်သာရများ

တိုးထက် _ မြန်မာပြည်အရပ်ရပ်မှလူဝင်စားများ

တက္ကသိုလ်ဘုန်းနိုင် _ ညီမလေးရယ်စိုးရိမ်မိတယ်

တက္ကသိုလ်ဘုန်းနိုင် _ ပညာရဲ့သဘော

တက်တိုး _ လောကနီတိ .အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ

တက်တိုး _ သောကကင်းဝေးနေနိုင်ရေး

တင်မိုး _ ဖလ်မီးအိမ်

တင်မောင် _ တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်

တင်သန်းဦး _ စန္ဒီမိုးဦးဖြူ

တိုက်စိုး _ ပညာသိုက်

ထူးဆွေအောင် _ ဗြောစည်တီး၍လှူလိုက်သည်

ထူးဆွေအောင် _ မကြောက်ဖူးလို့ဆို

ထူးဆွေအောင် _ မပျော်ရင်ကော

ထူးဆွေအောင် _ မန်ကျည်းပင်တန်းရဲ့မီဒီယာ

ထူးဆွေအောင် _ မြင်းမိုရ်တောင်ထိပ်မှသဲပွင့်ကလေးများ

ထေရ၀ါဒလူငယ်များ _ဓမ္မစေတီရှင်းတမ်း စာတန်းလွှာ

ဒဂုန်ရွှေမျှား _ ကမ္ဘာမြေအောက်ခရီး

ဒဂုန်ရွှေမျှား _ ငယ်ကချစ်အနှစ်တစ်ရာနှင့်လက်ရွေးစင်ဝတ္ထုများ

ဒဂုန်ရွှေမျှား _ စောရသက်ပြင်းနှင့်အခြားဝတ္ထုတိုများ

ဒဂုန်ရွှေမျှား _ နီနီလေး

ဒဂုန်ရွှေမျှား _ မေ၀ါ၏ကလဲ့စား

ဒဂုန်ရွှေမျှား _ ရုပ်ထုကျိန်စာ

ဒဂုန်ရွှေမျှား _ ရွှေစင်နတ်ဘုရား

ဒေါ်အောင်ဆန်းစုကြည် _ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး

ဒေါ်အောင်ဆန်းစုကြည် _ မြန်မာပြည်ကလာတဲ့စာ

ဒေါ်အုန်း _ ပါဠိစာပေသမိုင်း

ဒေါက်တာတိုးလှ _ ကုန်းဘောင်ရွှေပြည်

ဒေါက်တာဓမ္မပီယ _ နိဗ္ဗာန်အယူအဆ ကို ထေရ၀ါဒရှုထောင့်မှလေ့လာသုံးသပ်ခြင်း

ဒေါက်တာဓမ္မပီယ _ လှိုက်လှဲစွာကြိုဆိုပါသည် နှင့် အခြားဆောင်းပါးများ

ဒေါက်တာဖေမောင်တင် _ ရွှေစည်းခုံမွန်ကျောက်စာ

ဒေါက်တာဘမော် _ ဗမာ့လက်ငင်း-လွတ်လပ်ရေး

ဒေါက်တာမင်းတင်မွန် _ ခေတ်အမြင်နှင့် သိမှတ်စရာ ဗုဒ္ဓဘာသာအကျဉ်း

ဒေါက်တာမင်းတင်မွန် _ ဆေးမကူဘဲငြိမ်းအေးနည်း

ဒေါက်တာမင်းတင်မွန် _ တော်ကူးဆရာတော် ဘ၀ဆည်းဆာနှင့် ကျင့်စဉ်တရား

ဒေါက်တာမင်းတင်မွန် _ ဗုဒ္ဓဘာသာစာရိတ္တပညာနှင့်ကျင့်ဝတ်များ

ဒေါက်တာမင်းတင်မွန် _ ဗုဒ္ဓ၀ါဒနှင့်ခေတ်သစ်ဘဝ

ဒေါက်တာမင်းတင်မွန် _ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်

ဒေါက်တာမင်းတင်မွန် _ ဘ၀ကိစ္စနှင့်ဘ၀ပန်းတိုင်

ဒေါက်တာမင်းတင်မွန် _ ဘ၀ချမ်းသာရေး

ဒေါက်တာမင်းတင်မွန် _ ဘ၀ဖန်တီးရှင် ကံတရား

ဒေါက်တာမင်းတင်မွန် _ ဘ၀လမ်းနှစ်သွယ်

ဒေါက်တာမင်းတင်မွန် _ ဘ၀ရည်မှန်းချက်နှင့်ဘ၀ပန်းတိုင်

ဒေါက်တာမင်းတင်မွန် _ ဘ၀လွတ်မြောက်ရေးနှင့်အရိယသစ္စာ

ဒေါက်တာမင်းတင်မွန် _ ဘ၀အောင်မြင်ရေးသို့ရှေးရှုကြ

ဒေါက်တာမင်းတင်မွန် _ မြတ်ဒါန

ဒေါက်တာမင်းတင်မွန် _ မြတ်ဓမ္မ

ဒေါက်တာမင်းတင်မွန် _ မြတ်ဗုဒ္ဓ

ဒေါက်တာမင်းတင်မွန် _ မြတ်ဘာဝနာ

ဒေါက်တာမင်းတင်မွန် _ မြတ်သရဏဂုံ

ဒေါက်တာမင်းတင်မွန် _ မြတ်သီလ

ဒေါက်တာမင်းတင်မွန် _ မြတ်သံဃာ

ဒေါက်တာမင်းတင်မွန် _ မေတ္တာနှင့် သစ္စာသရုပ်ဖော်

ဒေါက်တာမင်းတင်မွန် _ မေတ္တာနှင့် သစ္စာအဖွင့်

ဒေါက်တာမင်းတင်မွန် _ မှန်ကန်သောဘ၀အမြင်

ဒေါက်တာမင်းတင်မွန် _ ရှေးဘ၀နောက်ဘ၀ သိပ္ပံနည်းကျအထောက်အထားများ

ဒေါက်တာမင်းတင်မွန် _ လိမ္မာယဉ်ကျေး တို့ရင်သွေး

ဒေါက်တာမင်းတင်မွန် _ ၀ိပဿနာဂုဏ်ထူးဆောင်တော်ကူးဆရာတော်နှင့် ထူးဆန်းစွာရောဂါပျောက်ခြင်းများ

ဒေါက်တာမင်းတင်မွန် _ သာသနာ့တံခွန် စံပြပုဂ္ဂိုလ်ထူး သပြေကန်ဆရာတော်ဘုရား

ဒေါက်တာမင်းတင်မွန် _ သောက.ဒေါသ.အတ္တ ဘ၀အခက်အခဲဟူသမျှ ကျော်လွှားအံ့

ဒေါက်တာမင်းတင်မွန် _ သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ

ဒေါက်တာမင်းတင်မွန် _ အကောင်းဆုံးဘ၀လမ်းညွှန်မှု

ဒေါက်တာမင်းတင်မွန် _ အမြတ်ဆုံးပန်းတိုင်ဧကန်ပိုင် ပထမတွဲ

ဒေါက်တာမင်းတင်မွန် _ အမြတ်ဆုံးပန်းတိုင်ဧကန်ပိုင် ဒုတိယတွဲ

ဒေါက်တာတင်မောင်သန်း _ လူနဲ့မူ

ဒေါက်တာအရှင်ပညိဿရ _ တရားချစ်တဲ့သူ

ဒေါက်တာအရှင်ပညိဿရ _ လိုအင်ဆန္ဒတွေပြည့်ပါစေ

နီကိုရဲ _ ကျွန်တော်နှင့်ဈေးသည်အလွဲများ

နီကိုရဲ _ ဇက်ပေါ်ကဆီးသီး

နီကိုရဲ _ လွယ်အိတ်ထဲကအလွဲများ

နီကိုရဲ _ သံစုံကြူးတဲ့ည

နေလင်း _ လူရှင်သင်္ချိုင်းများအကြောင်း

နေ၀င်း _ ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းမှုများ

နတ်နွယ် _ တဖန်ပြန်၍မနိုးသောဝေဒနာ

နိုင်ပန်းလှ _ ရာဇဓိရာဇ်အရေးတော်ပုံကျမ်း

ပါရဂူ _ ဗုဒ္ဓအမြင်

ပါရဂူ _ နိဗ္ဗာန်

ပါရဂူ _ ဘ၀ခရီးသည်

ပန်းငွေရုံဆရာတော် _ ဒေသနာပန်းခင်း တတိယတွဲ

ပုညခင် _ ယောက်ျားတစ်ယောက်ရဲ့ဖြစ်တည်မှု

ပြည့်ပိုင်မှူးအိမ် _ အချစ်ရဲ့နက္ခတ်

ဖါးအောက်တောရဆရာတော် + _ သမထဘာဝနာနှင့် ၀ိပဿနာတို့တွင် အောင်မြင်ပေါက်မြောက်ခြင်း

ဖေမြင့် _ ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

ဖိုးကျော့ _ နတ်စောင့်ပျားနှင့် သားရဲတို့ရွာ

ဖျာပုံတိုက်သစ်ဆရာတော် _ သုတေသနသရုပ်ပြအဘိဓာန် ၂၀၀၇

ဗဂျီအောင်စိုး _ စာမဲ့ကဗျာ

ဗဂျီအောင်စိုး _ ရိုးရာမှသည် ခေတ်သစ်ဆီသို့

ဗားကရာဆရာတော် _ အဘိဓမ္မတ္ထသင်္ဂဟ ပါဌ်နိဿယ

ဗောဓိတစ်ထောင်ဆရာတော် _ နယူးဇီလန်တရားတော်

ဗောဓိတစ်ထောင်ဆရာတော် _ သြ၀ါဒစကားများ

ဘခိုင် _ ဂျာမဏီအတွင်းရေး

ဘလော်ဂါနှင့် ကဗျာဆရာ/မများ _ ကောင်းကင်များ၏အတ္ထုပ္ပတ္တိ

ဘုရားသားတော် _ သာသနာ့လွတ်လပ်ရေးတိုက်ပွဲနှင့် ဝိနည်းဓိုရ်ဖန်တီးရေးဥပဒေ(မူကြမ်း)

ဘန္ဒန္တကိတ္တိသာရ ဓမ္မဒဿနသြ၀ါဒများ

ဘဒ္ဒန္တကိတ္တိသာရ _ ဗုဒ္ဓညွှန်ကြား မသေဆေးတရား

ဘဒ္ဒန္တဇာဂရာဘိဝံသ _ နာဂလိုဏ်ဂူ အဓိဋ္ဌာန်ကျင့်စဉ်နှင့် လယ်တီဝိပဿနာ

ဘဒ္ဒန္တဇာဂရာဘိဝံသ _ လယ်တီဝိပဿနာ အမှတ် ၃

ဘဒ္ဒန္တဇာဂရာဘိဝံသ _ လယ်တီဝိပဿနာ အမှတ် ၎

ဘဒ္ဒန္တဇာဂရာဘိဝံသ _ လယ်တီဝိပဿနာ အမှတ် ၅

မစန္ဒာ _ ဂျီဟောသူ

မစန္ဒာ _ ပုစ္ဆာ

မလေးငြိမ် — အဆင့်မြင့်ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ

မ၀င်းမြင့် _ ရေပြာအိုင်မှဇာတ်လမ်းများ

မဟာဗောဓိမြိုင်ဆရာတော် _ ကဗျာ့နန်းတော်

မာဏ၀ _ မိလိန္ဒပဥှာ

မေငြိမ်း _ သတင်းသမားသတိထားစရာ မြန်မာစာနှင့်စကားသံများ

မိုးကုတ်ဆရာတော် _ သုညတ တရား ကြိုးစားပြီး ဟောရစ်ပါကွာတဲ့

မိုးကုတ်ဆရာတော် _ သစ္စာ၎ပါးတရားတော်

မိုးကုတ်ဆရာတော် _ ဇော၇ကြိမ်အကျိုးပေးပုံ.ကပ်ကျော်တရားတော်

မိုးကုတ်ဆရာတော် _ စူဠဝေဒလ္လသုတ်-၀ိသာခနှင့် ဓမ္မဒိန္နာအမေးအဖြေများ

မိုးကုတ်ဆရာတော် သောတာပန်ဖြစ်ဖို့နှစ်ချက်-ဝေဒနာဝိပဿနာရှုနည်း

မိုးဆက်လင်းထက် _ သိုက်

မိုးမိုး _ ဝေဒနာကြာနီပွင့်

မိုးမိုး _ သိက္ခာရှိတဲ့မုန့်ဟင်းခါး

မင်းမြတ်သူရ _ ဆားပုလင်းမင်းအောင်နှင့်ပန်းကိုးပွင့်ဒေ၀ီ

မင်းမြတ်သူရ _ ရွှေချမ်းသာ ငွေချမ်းသာ

မင်းလူ _ ချစ်မြားရှင်အစ ချစ်မြားရှင်အဆုံး

မင်းသိင်္ခ _ ဆားပုလင်းနှင်းမောင်နှင့် ပျားစွဲသောမုတ်ဆိတ်

မင်းသိင်္ခ _ ဆားပုလင်းနှင်းမောင်နှင့်မြိုင်မဟာမမြလေး

မင်းသိင်္ခ _ ပေတလူ

မင်းသိင်္ခ _ ပုဏ္ဏားဘကွန်း ၁

မင်းသိင်္ခ _ ပုဏ္ဏားဘကွန်း ၂

မင်းသိင်္ခ _ ဖြစ်ချင်တာဖြစ်မောင်ဘချစ် ၁

မင်းသိင်္ခ _ ဖြစ်ချင်တာဖြစ်မောင်ဘချစ် ၂

မင်းသိင်္ခ _ မနောမယထမင်းဝိုင်း

မင်းသိင်္ခ _ မိုးနဲ့အတူ

မင်းသိင်္ခ _ မြေလျှောက်ဝိဇ္ဖာရွှေမြသာ ၁

မင်းသိင်္ခ _ မြေလျှောက်ဝိဇ္ဖာရွှေမြသာ ၂


မင်းသိင်္ခ _ မြေလျှောက်ဝိဇ္ဖာရွှေမြသာ ၃

မင်းသိင်္ခ _ ရေမျှောကမ်းတင်အောင်ဗဒင်

မာန်လည်ဆရာတော် _ မဃဒေ၀လမ်းညွှန်နီတိများ

မောင်စိန် _ ဘဏ်ငွေစက္ကူတန်ဖိုး

မောင်ထင် _ ဗမာ့နိုင်ငံရေးသုခမိန်

မောင်ထွန်းသူ _ အိုဟင်နရီ၏၀တ္ထုတိုများ

မောင်ဒီ _ အင်္ဂလိပ်အသံထွက်ကိစ္စ

မောင်ထင် _ ယောမင်းကြီးဦးဖိုးလှိုင်နဲ့ ရာဇဓမ္မသင်္ဂဟကျမ်း

မောင်ပေါ်ထွန်း _ သေပြေးရှင်ပြေး

မောင်ဗိုလ်မွှေး _ မြန်မာ့ပုံတိုပတ်စများ

မောင်ဘိုသစ် _ ကဗျာရေးနည်း နိသျည်း

မောင်သာရ _ ကျဉ်တုတ်ခံဝံ့ မခံဝံ့

မျိုးသူရ _ နေ့စဉ်သုံးအင်တာနက်. Everyday Internet

မြသန်းတင့် _ နှစ် ၁၀၀ ကမ္ဘာ့စုံထောက်ဝတ္ထုတိုများ ၂

မြတ်သူ _ ကိုရမ်အဘိဓါန် ၁

မြတ်သူ _ ကိုရမ်အဘိဓါန် ၂

မြန်မာသမားတော်ကြီးများ _ နှစ်ပေါင်း၂၀၀ မြန်မာ့ဆေးပညာ , သုဓမ္မာပုံနှိပ်တိုက် , ရန်ကုန် , ၂၈.၈.၁၉၇၁

ယောဆရာတော် _ ဘ၀လမ်းညွှန်လက်ဆောင်မွန် .ပထမတွဲ

ရဝေနွယ် _ မြင့်မြတ်သူတို့၏ အလုပ်

ရဝေနွယ် _ ရုပ်လှချင်ရင်

ရဝေနွယ် _ အတွေးများနှင့်မိတ်ဆက်ခြင်း

ရဲကောင်းထက် _ ကမ္ဘာကို ကိုင်လှုပ်သူများ

ရဲစတိုင်း _ ပြုံးပြီးမှရယ်

ရန်ကုန်ဘဆွေ _ ရွှေဝါပြည်

ရန်အောင် _ အိမ်ထောင်ရေး အဘိဓမ္မာ

ရန်အောင်မောင်မောင် _ ထောင်တစ်သက်အတွေ့အကြုံ ,သီရိမေရောင်စုံပုံနှိပ်တိုက်, ရန်ကုန် , ၂၀၀၄ ဧပြီ

ရွှေစကြာ _ ကုန်းဘောင်ပြင်သစ်

ရွှေဘို မိမိကြီး _ အနာဂါရိကဓမ္မပါလ

ရွှေဥဒေါင်း + ၅ _ စာရေးဆရာတို့၏ ပထမဆုံးလက်ရာမွန်များ

ရွှေဥဒေါင်း _ အတွေးအမြင်နှင့် ရှုထောင့်

လူထုစိန်ဝင်း _ ပထမတန်းစားစိတ်ဓါတ်

လှပိုင် _ မဟာသကျသီဟဘုရားသမိုင်း , ၆.၂. ၁၉၆၄

လင်းတည်ဦး _ မြင်းဦးခေါင်းနှင့် ကောင်းကင်သတို့သမီး.ပိုးလမ်းမပုံပြင်များ

လယ်တီဆရာတော် _ ကမ္မဋ္ဌါနဒီပနီ

လယ်တီဆရာတော် _ ကမ္မဋ္ဌါန်းကျမ်းကြီး

လယ်တီဆရာတော် _ ဂမ္ဘီရကဗျာကျမ်း

လယ်တီဆရာတော် _ စတုသစ္စ ဒီပနီ

လယ်တီဆရာတော် _ ထေရုပ္ပတ္တိ အကျဉ်းချုပ်

လယ်တီဆရာတော် _ ဒါနာဒိ ဒီပနီ

လယ်တီဆရာတော် _ ဓမ္မ ဒီပနီ

လယ်တီဆရာတော် _ ဓါတ်ကမ္မဋ္ဌာန်းကျမ်းသစ်

လယ်တီဆရာတော် _နိယာမ ဒီပနီ

လယ်တီဆရာတော် _ နိဗ္ဗာန ဒီပနီ

လယ်တီဆရာတော် _ နိရုတ္တိ ဒီပနီ နိဿယ

လယ်တီဆရာတော် _ နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်

လယ်တီဆရာတော် _ နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်.ပထမတွဲ

လယ်တီဆရာတော် _ နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်.ဒုတိယတွဲ

လယ်တီဆရာတော် _ ပဓါနသုတ် ပါဠိ နိဿယ

လယ်တီဆရာတော် _ ပရမတ္ထသံခိပ်ကျမ်း

လယ်တီဆရာတော် _ ပရမတ္ထသံခိပ်ကျမ်း.အဖြေ

လယ်တီဆရာတော် _ ပါရမီ ဒီပနီ

လယ်တီဆရာတော် _ ပုဏ္ဏောဝါဒကမ္မဋ္ဌါန်း

လယ်တီဆရာတော် _ ဘယ၀ိနာသက ဒီပနီ

လယ်တီဆရာတော် _ ဘာဝနာ ဒီပနီ

လယ်တီဆရာတော် _ မဟာသယန ဒီပနီ

လယ်တီဆရာတော် _ မဟော်ကျေးစေခန်း- သျှိုးလိုက်ရတု

လယ်တီဆရာတော် _ မဂ္ဂင်္ဂ ဒီပနီ

လယ်တီဆရာတော် _ ရောဂန္တရ ဒီပနီ

လယ်တီဆရာတော် _ လက္ခဏ ဒီပနီ

လယ်တီဆရာတော် _ လယ်တီဒီပနီပေါင်းချုပ် မြန်မာ-အင်္ဂလိပ် ၃ ကျမ်းတွဲ

လယ်တီဆရာတော် _ လယ်တီနိဗ္ဗာန်

လယ်တီဆရာတော် _ လယ်တီနိဗ္ဗာန်တရားတော်များ

လယ်တီဆရာတော် _ လယ်တီဟောကိန်းတရားစာ

လယ်တီဆရာတော် _ ၀ိနယသံခိပ်ကျမ်း

လယ်တီဆရာတော် _ ၀ိနိယသံခိပ်လက်စွဲ

လယ်တီဆရာတော် _ ၀ိပဿနာ ဒီပနီ

လယ်တီဆရာတော် _ ၀ိဇ္ဇာမဂ္ဂ ဒီပနီ

လယ်တီဆရာတော် _ သရဏဂုံဝိနိစ္ဆယကျမ်းသစ်

လယ်တီဆရာတော် _ သာသနဒါယဇ္ဇ ဒီပနီ

လယ်တီဆရာတော် _ သာသန၀ိသောဓနီ.ပထမတွဲ

လယ်တီဆရာတော် _ သာသန၀ိသောဓနီ.ဒုတိယတွဲ

လယ်တီဆရာတော် _ သာသန၀ိသောဓနီ.တတိယတွဲ

လယ်တီဆရာတော် _ သီလ၀ိနိစ္ဆယ

လယ်တီဆရာတော် _ သုကုမာရမဂ္ဂ ဒီပနီ

လယ်တီဆရာတော် _ သောမနသုပေက္ခာ ဒီပနီ

လယ်တီဆရာတော် _ သစ္စတ္ထ ဒီပနီ

လယ်တီဆရာတော် _ သဒ္ဒသံခိပ်ကျမ်း

လယ်တီဆရာတော် _ သမ္မာဒိဋ္ဌိ ဒီပနီ

လယ်တီဆရာတော် _ အဘိဓမ္မာပရမတ္ထသံခိပ်ကျမ်း သံပေါက်လင်္ကာ

လယ်တီဆရာတော် _ အာနာပါန ဒီပနီ

လယ်တီဆရာတော် _ အာဟာရ ဒီပနီ

လယ်တီဆရာတော် _ အနတ္တ ဒီပနီ

လယ်တီဆရာတော် _ အနတ္တဒီပနီ ကျမ်းသစ်

လယ်တီဆရာတော် _ အလင်းကျမ်း

လယ်တီဆရာတော် _ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း

လယ်တီဆရာတော် _ ဥတ္တမပုရိသ ဒီပနီ

လယ်တီပဏ္ဍိတ ဦးမောင်ကြီး _ သာသနသမ္ပတ္တိ ဒီပနီ

ဝေယံလင်းခေါင် _ သူတော်ငတေ၏ဂမ္ဘီရ၀တ္ထုတိုများ

ဝင်းတင့်ထွန်း _ ခြောက်တိုက်မှာ လောက်ကိုက်တာခံဖူးသလား နှင့်အခြားထောင်ဝတ္တုတိုများ

ဝင်းသိန်းဦး _ ရှေ့ဘ၀နောက်ဘ၀ဗုဒ္ဓမဝေဖန်နှင့်..

ဝင်းဦး _ မိန်းမလှ အမုန်း

သတိုးတေဇ _ ကွယ်လွန်သူတို့ဝိညာဉ်

သတိုးတေဇ _ သုဿန်မြေက မိစ္ဆာ

သပြေကန်ဆရာတော် _ ဗောဇ္ဈင်ခုနှစ်ပါးတရားမြတ်ရတနာ

သပြေကန်ဆရာတော် _ နိဗ္ဗာန်ချမ်းသာ တရားတော်များ

သပြေကန်ဆရာတော် _ သပြေကန်တရားပေါင်းချုပ် အမှတ် ၁

သပြေကန်ဆရာတော် _ သပြေကန်တရားပေါင်းချုပ် အမှတ် ၂

သာ.ထွန်း.ပြန့် _ ဗုဒ္ဓဘာသာကောင်းတစ်ယောက်

သာဓိန _ ဗေဒနီတိကျမ်း , မဟိန္ဒစာပုံနှိပ်တိုက် , ၁၉၃၀

သာမဏအာဇာနီ _ မှန်

သာသနာရေးဝန်ကြီးဌာန _ ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ

သာသနာရေးဝန်ကြီးဌာန _ ၀ိနိစ္ဆယလက်စွဲ

သီလ၀ _ ဗုဒ္ဓအံတော်သမိုင်း

သုခ _ ဂုဏ်ရည်မတူလို့လား

သုခ _ ဇေယျတုသဗ္ဗမင်္ဂလံ

သုခ _ မေတ္တသုတ်

သုခ _သုခမှတ်စု

သုခ _ သည်ဆောင်းဟေမန်

သုခ _ သဗ္ဗေသတ္တာနှင့် အခြားဝတ္ထုတိုများ

သုခ _ အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ

သုခမိန်လှိုင် _ အငြိမ့်

သုမောင် _ မျိုးရိုးထဲမှ ဆိုးပေကြီးများ , ရန်ကုန်

သုသုက _ အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ

သဲအင်းဂူဆရာတော် _ မဂ်ပေါက်ဖိုလ်ဝင်နိဗ္ဗာန်မြင်

သင်္ဃဇာဆရာတော် _ ဥပါသကောဝါဒဋီကာကျမ်း , မြန်မာသံတော်ဆင့်ပုံနှိပ်တိုက် , ရန်ကုန် ,၁၂၄၂ ပဌမ၀ါဆိုလ

သန်းမြင့်ဦး _ အချစ်ဘ၀နှင့် ငွေကြေးဆိုင်ရာနည်းဗျူဟာများ

သန်းသန်းတင့် _ မင်္ဂလာအစစ် နှင့် မျိုးဆက်သစ်

သောင်းထိုက် _ ပထ၀ီနိုင်ငံရေး

သိပ္ပံမောင်ဝ _ စစ်အတွင်းနေ့စဉ်မှတ်တမ်း

သိပ္ပံမောင်ဝ _ အဟိတ်..၀တ္ထုဇာတ်လမ်းများ

သိပ္ပံမောင်ဝ _ အောက်စဖို့တက္ကသိုလ် ခရီးသွားမှတ်တမ်း

သိန်းဖေမြင့် _ တက်ခေတ်နတ်ဆိုး

အကြည်တော် _ ဆွေတစ်ရာ မောင်တစ်ကျိပ်

အကြည်တော် _ ဇ

အကြည်တော် _ တောသားကြီး

အကြည်တော် _ နတ်နေကိုင်း

အကြည်တော် _ ပိုးကောင်များ

အကြည်တော် _ မိုးတိမ်ပုံပြင်

အကြည်တော် _ သူတို့ပျော်ကြလေပြီ

အကြည်တော် _ သဲလှည်း

အကြည်တော် _ အချစ်သည် သက်တော်ရာကျော်ရှည်ပါစေသတည်း

အကြည်တော် _ အိုင်အိုဒင်းကိုကိုကြီးနှင့်..

အရှင်ကုမာရ _ ဗုဒ္ဓအလိုတော်ကျကျင့်သုံးနေထိုင်နည်း .ဒုတိယတွဲ

အရှင်ကောဝိဒ _ တုနိုင်းမမှီ
အရှင်ကောဝိဒ _ သန်းကောင်ယံ အမေးအဖြေများ
အရှင်ဃောသိတ _ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ

အရှင်ဇနက-တိသရဏ၀ိဟာရ _ ဗုဒ္ဓဟောမြွက်တရားဦးဓမ္မစက်

အရှင်ဇနကာဘိဝံသ _ ကိုယ်ကျင့်အဘိဓမ္မာ
အရှင်ဇနကာဘိဝံသ _ ဓမ္မစကြာတရားတော်နှင့်အနတ္တလက္ခဏသုတ်တရားတော်

အရှင်ဇနကဘိဝံသ _ နံနက်ခင်းသြ၀ါဒများ

အရှင်ဇနကာဘိဝံသ _ မဟာဂန္ဓာရုံဝတ်ရွတ်စဉ်

အရှင်ဇနကာဘိဝံသ _ ရတနာ့ဂုဏ်ရည်

အရှင်ဇနကာဘိဝံသ _ ၀ီထိနှင့် သုံးချက်စု ဘာသာဋီကာ

အရှင်ဇနကာဘိဝံသ _ သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ

အရှင်ဇနကာဘိဝံသ _ အခြေပြုပဋ္ဌာန်း

အရှင်ဇနကာဘိဝံသ _ အဆိုအမိန့်များ

အရှင်ဇနကာဘိဝံသ _ အနာဂတ်သာသနာရေး

အရှင်ဇ၀န _ ဘ၀နှင့်ရင်းရသော အတွေးအမြင်များ ၁.

အရှင်ဆေကိန္ဒ _ သတိရှိဖို့ သတိထားကြစို့

အရှင်ဆေကိန္ဒ _ လူတိုင်းသိစေချင်ပါသည်

အရှင်ဆန္ဒာဓိက _ စိတ်လျှော်ဖွတ်တဲ့အလုပ်

အရှင်ဆန္ဒာဓိက _ နှလုံးသားမိတ္တူ

အရှင်ဆန္ဒာဓိက _ မိဘကျေးဇူးအကျေဆပ်နည်း

အရှင်ဆန္ဒာဓိက _ လောက၌အကောင်းဆုံးသောအရာ

အရှင်ဆန္ဒာဓိက _ သက်သတ်လွတ်နှင့်ကုသိုလ်စိတ်

အရှင်ဆန္ဒာဓိက _ အချစ်ကံခေပေမဲ့အနှစ်ကျန်စေရမယ်

အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ကုသိုလ်

အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ရဟန်း

အရှင်ဆန္ဓာဓိက _ အနိုင်းမဲ့ဘာဝနာ

အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့အဖေါ်

အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့အလှူ

အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ဥစ္စာ

အရှင်မဟာသီလ၀ံသ _ ဓမ္မပါလပျို့ 

အရှင်ရဋ္ဌသာရ _ ဂမ္ဘီသာရပျို့ စာကိုယ် , မြန်မာ့ယူနီယန်စာပုံနှိပ်တိုက် , ရန်ကုန် , ၁၂၈၉ ခုနှစ်

အရှင်ဝါသေဋ္ဌာဘိဝံသ _ ဓမ္မချမ်းသာတွေ့အောင်ရှာ

အရှင်ဝီရိယ _ ဖောင်ဖျက်တိုက်ပွဲ နှင့် မထေရ်မြတ်တို့စကားဝိုင်း(၆)

အရှင်ဝီရိယ _ ဘုန်းရယ်၊ကံရယ်၊ကုသိုလ်ရယ်

အရှင်ဝီရိယ _ လောကကျက်သရေ

အရှင်သီဟာဘိဝံသ _ မေတ္တာဘာဝနာရှုဖွယ်ကျမ်း , ပြည်ကြီးမန်တိုင်စာပုံနှိပ်တိုက် , ရန်ကုန်

အရှင်အဂ္ဂသမာဓိ _ နေမိမ္ဃစိုးခဏ်းပျို့ , ဟံသာဝတီသတင်းစာတိုက်,ရန်ကုန်,၁၉၀၀ ခုနှစ်

အရှင်ဣန္ဒက _ ချမ်းမြေ့မြိုင်ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းနှင့် သြ၀ါဒကောက်နုတ်ချက် ၅၀

အရှင်ဣန္ဒက _ ချမ်းသာစစ်ကို သိမြင်လိုပါက

အရှင်ဣန္ဒက _ ဒါရုက္ခာပမသုတ္တန် တရားတော်

အရှင်ဣန္ဒက _ မေတ္တာဂုဏ်ရည်

အရှင်ဣန္ဒက _ သတိယှဉ်မှ တရားမြင်

အရှင်ဧသိက _ ထေရ၀ါဒ ဗုဒ္ဓဘာသာ

အီကြာကွေး _ ငုတ်တုတ်ထင်ရှားရေးဖော်များ

အေးသိန်း _ ရတနာဂီရိ မှ သီပေါမင်းအမှတ်တရ

အောင်ကောင်း _ ချစ်သူမှာတမ်း

အောင်ဆန်းဆရာတော် _ ရင့်ကျက်စိတ်ထားဥာဏ်စွမ်းအားဖြင့်

အောင်ဝေး _ ခံစားမှုကထာ

အောင်သင်း _ ကိုယ်တွေ့ စာစီစာကုံးများ

အောင်သင်း _ မျိုးဆက်သစ်အတွက် ဂန္ဓ၀င်မိတ်ဆက်, Future Publishing House ,ရန်ကုန်,၂၀၀၂ စက်တင်ဘာ

အောင်သင်း _ ရွှင်ရွှင်ပြုံးပြုံးစာစီကုံး

အောင်သင်း _ သူတို့နဲ့ကျွန်တော်

အောင်သင်း _ သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္ထုတိုများ

အောင်သင်း _ အမွေ

အုတ်ဘိုဆရာတော် _ စွယ်တော်သျှောင်ရတု , ဟံသာဝတီသတင်းစာပုံနှိပ်တိုက် , ရန်ကုန်မြို့

ဦးကုလား _ ရာဇ၀င်

ဦးကံညွှန့် _ နိဗ္ဗာန်ပို့မည့်တရားတော်များ

ဦးကံညွှန့် _ မိုးကုတ်ဝိပဿနာ အခြေခံ၊တရား၊အနှစ်သာရနှင့် ရှုပွါးနည်း

ဦးကျော် _ လောကီပညာ ပဒေသာကျမ်း

ဦးကျော်ဇေယျ _ မြန်မာနိုင်ငံ မူပိုင်ခွင့်အက်ဥပဒေ

ဦးကျော်ဇေယျ _ ဥပဒေရေးရာဝေါဟာရအဘိဓါန်

ဦးကျော်ဇေယျ _ ဥပဒေသမား လက်စွဲစကား

ဦးကျော်ဇေယျ _ အစုစပ်လုပ်ငန်းအက်ဥပဒေ

ဦးကျော်ရန် _ မူလ=ဆေးအဘိဓါန်ကျမ်း

ဦးကျော်ရန် _ မူလပေါရာဏဒီပနီကျမ်း

ဦးကျော်လှ _ သံချိုညွှန့်ပေါင်းနှင့် ခဲရာခဲဆစ်အဖြေသစ်

ဦးကျော်သိန်း _ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့်ကျင့်စဉ်

ဦးကြည် _ မစ္ဇျိမပဋိပဒါရှင်းချက်

ဦးခင်မောင်ကြီး _ ဓမ္မပဒအဆုံးအမများ. ပါဠိ-မြန်မာ-အင်္ဂလိပ်

ဦးချစ်မောင် _ ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေဗဟုသုတ မာတိကာကျမ်း

ဦးငြိမ်းမောင် _ ရှေးဟောင်းမြန်မာကျောက်စာများ တတိယတွဲ

ဦးစိုးလွင် _ အစ္စလာမ့်အတိတ်သမိုင်းမှ အယူဝါဒဆိုင်ရာအရှုပ်အထွေးများ

ဦးစက္ကိန္ဒ _ ဥာတပရိညာ

ဦးစန်းငွေ _ ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများပေါင်းချုပ်

ဦးစန်းမောင် _ ရခိုင်မင်းသား , သံတော်ဆင့် , ၁၉၄၆

ဦးဇနိတာလင်္ကာရ _ ပဋိစ္စသမုပါဒ်စက်ဝိုင်းဒေသနာ အမေးနှင့်အဖြေအကျဉ်းချုပ်

ဦးဌေးလှိုင် _ မေတ္တာဝါဒ

ဦးဌေးလှိုင် _ ရတနာသုံးပါးကျေးဇူး ကိုယ်တွေ့ဝတ္ထုများ

ဦးဌေးလှိုင် _ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ

ဦးဌေးလှိုင် _ သီဟိုဠ်ခေတ် စံတော်ဝင်အရိယာများ

ဦးတင်မြင့် _ ဆရာတော်ကြီးရှစ်ပါး၏ ၀ိပဿနာရှုနည်းညွှန့်ပေါင်း

ဦးထွန်းကြည် _ ကောင်းမှုတော်ဘုရားသမိုင်း

ဦးထွန်းလှ _ တရားတောင်း၊ဆုပေး၊ဆုတောင်း ရေစက်ချအမျိုးမျိုး

ဦးထွန်းလှ _ ရွေးချယ်ရမည့်မိန်းမကောင်း. ရှာဖွေရမည့်ဇနီးလောင်း

ဦးနု _ တာတေစနေသား

ဦးနု _ မိတ္တဗလ ဋီကာ

ဦးနု _ မြတ်တရားကို ရှာဖွေတွေ့ရှိသူ

ဦးနု _ အာဇာနည်

ဦးပညာ _ ကရင်ရာဇ၀င်

ဦးပညာသာမိ _ လူငယ်များအတွက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း

ဦးပုည _ မန္တေလေးဘွဲ့ မော်ကွန်း

ဦးပုည _ ရေသည်ပြဇာတ်

ဦးဖိုးကျား _ ၃၇ မင်း

ဦးဖိုးကျား _ သီပေါမင်းပါတော်မူအရေးတော်ပုံ

ဦးဘကြည် _ ဇာတ်ကြီးဆယ်ဘွဲ့

ဦးဘကြည် _ ရုပ်စုံဗုဒ္ဓသာသနာဝင်

ဦးဘဘေ _ နိုင်ငံရေးရာအဖြာဖြာ ဒုတိယတွဲ

ဦးဘသန်း _ ယောနသံဇင်ရော်

ဦးဘေ _ ၀ရုဏပျို့ 

ဦးမောင်ကြီး _ ရေငံပိုင်ဦးရှင်ကြီးနတ်ဖြစ်ပြဇာတ်သစ် ပထမတွဲ

ဦးမောင်မောင်လေး _ ဗုဒ္ဓ၏ကိုယ်တွေ့ဝတ္ထုများ ပေါင်းချုပ်. ဒုတိယတွဲ

ဦးမောင်မောင်သန်း _ ၂၁ ရာစုအင်္ဂ၀ိဇ္ဖာဆောင်းပါးများ

ဦးမောင်သိန်း _ ပဋာစာရီ- ဒုတိယပိုင်း

ဦးရ၀ိန် _ ဥဒကဒီပနီ , မြန်မာသံတော်ဆင့်မီးစက်ကြီး ပှံနှိပ်တိုက် , ရန်ကုန်မြို့  , ၁၂၄၈ ခု , ကဆုန်လ

ဦးရဿက _ စတုသစ္စပကာသနီကျမ်း

ဦးရေ၀တ _ သာသနာ့အမွေကိုခံယူခြင်းနှင့်ငါလုပ်ချင်တာ

ဦးရေ၀တ _ နားလည်နိုင်ခြင်း၏စွမ်းအား

ဦးရွှေအောင် _ ကုသိုလ်နှင့် အကုသိုလ်

ဦးရွှေအောင် _ ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့

ဦးရွှေအောင် _ ဓမ္မပဒ

ဦးရွှေအောင် _ ဗုဒ္ဓ၀ါဒ ပေါ်ထွန်းခြင်း

ဦးရွှေအောင် _ ဘ၀အကျဉ်းသား

ဦးရွှေအောင် _ ဘ၀အမြင်သစ်

ဦးရွှေအောင် _ အမြင်များပြောင်းလဲခြင်းနှင့်အတွေးအမြင်စာစုများ

ဦးလှ _ ဗမာ့အရေးတော်ပုံ-ပတွဲ , မြန်မာ့သိပ္ပံစာပုံနှိပ်တိုက် , ရန်ကုန် , ၁၅.၁၀.၁၉၃၈

ဦးလွှား _ ဓါတ်စာကျမ်း

ဦးဝိမလ _ ကင်္ခါမေးခွန်းနှင့်အဖြေ

ဦးဝဏ္ဏသီရိ _ ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း ဒုတိယတွဲ

ဦးသက်စိန် _ ဗုဒ္ဓသာသနာ့အခြေခံ

ဦးသက်ထွန်း _ အနောက်တိုင်းမှ နုတ်သီးကောင်းလျှာပါးတို့၏အဆိုများ

ဦးသိန်းဟန် _ ပြည်ထောင်စုသမိုင်းပုံပြင်များ , စာပေဗိမာန် ပုံနှိပ်တိုက် , ရန်ကုန် , ၁၉၆၈ မတ်လ

ဦးအရိယဓမ္မ _ ဗုဒ္ဓ၀ါဒပြဿနာများ

ဦးအေးမောင် _ စိတ်ပညာနှင့် ကိုယ်ကျင့်တရား

ဦးအေးမောင် _ စိတ်ဝိညာဉ်ဆိုင်ရာလေ့လာတွေ့ရှိချက်များ

ဦးအေးမောင် _ ပိဋကတ်မှ ဗုဒ္ဓနှင့် ဓမ္မ

ဦးအေးမောင် _ ဗီဇနှင့် ပတ်ဝန်းကျင်

ဦးအေးမောင် + _ သေသည်၏အခြားမဲ့၌. သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်များ

ဦးအောင်ခင် _ ငါနဲ့မတူ ငါ့ရန်သူ

ဦးအောင်ခင် _ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ

ဦးအောင်ညွှန့်ဝင်း _ နိပါတ်တော်လာဇာတ်တော် ငါးရာငါးဆယ် အနှစ်ချုပ်

ဦးဣန္ဒောဘာသ _ ၀ါကျသွားအချိုးအဖြေကျမ်း+၆စောင်တွဲ, ပြည်ကြီးမဏ္ဍိုင်ပိဋကတ်ပုံနှိပ်တိုက်,ရန်ကုန် ၁၂၉၀ ကဆုန်လ

Dhamma Dhuta Dr Ashin Pannissara _ How to Practice Meditation

ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ.ဦးသန့်

ဓမ္မစကြာ ပါဠိ+မြန်မာ

ဓမ္မစကြာနှင့်ဝိပဿနာ

ဓမ္မဒေသနာဆောင်ပုဒ်များ

ဓမ္မရေစင်ရွှေသံလွင်

ဓမ္မအတွေးအမေးအဖြေများ



နာထ သုတ္တန်

နားနားပြီးပြော

နေရေးဆင်ခြင်သေရေးမြင်

နံနက် သုံးနာရီ

နိယာမဗဟိုပြုခေါင်းဆောင်မှု

နေရေးဆင်ခြင်သေရေးပြင်

နို့နှစ်လုံးဖိုးကျေပါတယ်

နိုင်ငံတော်ဘာသာဖြစ်မြောက်ရေး

နိုင်ငံရပ်ခြားခရီးနှင့် ဗေဒင်ပညာ

ပဌမတန်း မြန်မာဖတ်စာ

ပဋိစ္စသမုပ္ပဒ်ဖြတ်လမ်း

ပါးစပ်ရာဇ၀င်

ပိဋကလမ်းညွှန်-ပထမတွဲ

ပိဋကလမ်းညွှန်-ဒုတိယတွဲ

ပိဋကတ်သုံးပုံ မြန်မာပြန် အစုံ (5.11 MB)

ပီကာဆို၏ပဉ္စလက်မီးအိမ်

ပုဂံခေတ်မြန်မာကျောက်စာများလာဝေါဟာရလေ့လာချက်

ပုရပိုက်

ပုရာဘေဒသုတ်တရားတော်

ပင့်ကူအိမ် လူ့အဖွဲ့စည်း

ပုဂ္ဂလပညတ် နိဿယ

ပုဏ္ဏားတိုင်

ပေါင်းတည်သမိုင်း

ပြေပြေလည်လည်ရှိစေချင်တယ်

ပြစ်မှုဆိုင်ရာဥပဒေ(ရာဇသတ်ကြီး)အဘိဓါန်

ပြိုင်မြင်းတို့ရဲ့ခွါသံ

ဖက်ဆက်ကျွန်ဘ၀မှလွတ်လပ်ရေးသို့

ဖြန့်ထွက်တွေးခြင်းနှင့်..

ဗေဒါလမ်း

ဗုဒ္ဓဓမ္မအနှစ်ချုပ်

ဗုဒ္ဓဘာသာအနုပညာနိဒါန်း

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

ဗိုလ်တစ်ထောင်စေတီတော်သမိုင်း



ဘ၀သစ္စာအဖြေရှာ

ဘ၀၏အလှတရားကိုရှာဖွေခြင်း

ဘာသာရေးပြဿနာများ

ဘီလူးတို့ရွာ
မဏိစန္ဒာဥဒါန်း

မနက်ဖြန်များကို ဖြတ်သန်း....

မရှိမဖြစ်စင်ကြယ်ခြင်း

မသေခင်ဘာလုပ်ကြမလဲ

မဟာ
မဟာရာဇ၀င်ကြီး

မဟာသမယသုတ် ပါဠိ+မြန်မာ

မာလုကျပုတ္တသုတ်တရားတော်

မိဘကျေးဇူးဆပ်ဖူးပြီလား

မိဘများအတွက် အရိပ်ပြစကားလက်ဆောင်မွန်များ

မူပိုင်ခွင့်

မိုရေးဗီးယား၏အတိုင်းအတာများနှင့်..

မေ့အိပ်မက်

မော်ဒယ်အသစ်နဲ့လူ

မောင်ခွေးဖို့ကဗျာများ

မောင်တို့မယ်တို့တိုးတက်စေဖို့

မေတ္တာပန်းခိုင် သုံးပွင့်ဆိုင်

မိုင်းပေါ်စော်ဘွားစ၀်စံထွန်း

မှောင်မိုက်မှာငို

မြို့ရွာစစ်တမ်းများ

မြင့်မြတ်သောဥပေက္ခာ

မြတ်ဗုဒ္ဓဒေသနာ

မြတ်ဗုဒ္ဓပွင့်တော်မူရာမဇ္ဈိမဒေသ

မြတ်လယ်တီ

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း

မြန်မာဆိုရိုးစကား

မြန်မာတို့၏ကိုးကွယ်မှုနှင့်ကိုယ်ကျင့်တရား...

မြန်မာဗုဒ္ဓဘာသာတစ်ယောက်၏ဘဝ

မြန်မာပြည်သား

မြန်မာရာဇ၀င်ချုပ်နှင့်..

မြန်မာဝတ္ထုတို ၁၀၀

မြန်မာအနုပညာလက်ရာပစ္စည်း
လာခြင်းကောင်းသောအရှင်

လိပိဒီပိကာကျမ်း

လူငယ်များနှင့်စကားပြောခြင်း

လူတိုင်းမှာအလားအလာရှိတယ်နှင့်..

လူပျိုဘုရားလုံးဝမရှိ

လူသုံးကုန်ပစ္စည်းရောင်းသူများနှင့်..

လူ၏စွမ်းအားမြတ်တရား

လက်ရွေးစင် ဆရာ့ဇာတ်လမ်းစုံ

လွယ်အိတ်နှင့်အခြားဆောင်းပါးများ

ဝသုန္ဓရီနှင့်ရိုးရာအထိမ်းအမှတ်များ

ဝိနည်း နိဿယ

ဝိနယ ၀ိနိစ္ဆယ သင်္ဂဟ

ဝိပဿနာတရားအမေးအဖြေများ(၁)

ဝိပဿနာတရားအမေးအဖြေများ(၂)

ဝိပဿနာမြင်ကွင်း

ဝိပဿနာရှုနည်းများ-၁

ဝိပဿနာရှုနည်းများ-၂

ဝိပဿနာရှုနည်းအကျဉ်းချုပ်

ဝိပဿနာအလုပ်ပေးတရားတော်ကြီး

ဝိသာခါနှင့် သီတာ

သဘာဝ

သမီးလေးဖတ်ဖို့

သမိုင်းနှင့်စကားပြောခြင်း

သီချင်းထဲကဓမ္မ.ဓမ္မထဲကအလင်း.

သုတေသန သရုပ်ပြအဘိဓါန်

သုံးဖော်ညီနောင်

သူတို့အမြင် သူတို့အတွေး

သူနာပြုလက်စွဲ

သူလိုဘုရင်

သူ့ကိုစောင့်ရှောက် ကိုယ့်ဂုဏ်မြောက်

သင်္ချာပညာ ငါဆရာ

သင်္ဂါယနာတင် သမိုင်းစုံ

သိပ္ပံမှသည်သစ္စာဆီသို့

ဟူးကောင်းတောင်ကြား

ဟစ်တလာ-ချိန်ဘာလိန် ဘယ်သူမှားခဲ့သလဲ

အခြေခံအဘိဓမ္မာအကျဉ်း
အနုပညာသစ်တစ်ပင်ဖြစ်တည်မှုနှင့်...

၁၉၃၀တ၀ိုက်မြန်မာနိုင်ငံရေးသမိုင်း _ သိန်းဖေမြင့်

ကထာဝတ္ထု နိဿယ-၁

ကလေးပုံပြင်များ _ မင်းသုဝဏ်

ကာလာမ သုတ်

ကန့်ကူလက်လှည့် _ အောင်သင်း

ခရစ်ယာန်တို့ရဲ့ ဘိုင်ဘယ်

ခုဒ္ဒကနိကာယ နိဿယ

ခေတ်ပြိုင် အိုင်ကျူ _ မောင်ရေအေး

ချက်ပြုတ်အတတ်ပညာ _ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း


ချမ်းမြေ့မြိုင်ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းနှင့် သြ၀ါဒကောက်နုတ်ချက် ၅၀ _ အရှင်ဣန္ဒက

ဂျုလိယက်ဆီဇာ _ မန်းတင်

ငါးစောင်တွဲဆေးကျမ်း

စကားပုံအလင်းပြကျမ်း _ ကြည်ဦး

စန္ဒီမိုးဦးဖြူ _ တင်သန်းဦး

ဆေးမကူဘဲငြိမ်းအေးနည်း _ ဒေါက်တာမင်းတင်မွန်

ဇမ္ဗူ့ဒီပဥဆောင်းကျမ်း

တော်ဝင်စံထားမိန်းမသား _ ချစ်စံဝင်း

ဓါတ်တော်တိုက် ညခင်းဝတ်ရွတ်စဉ်

ဓါတုကထာ နိဿယ

ဓမ္မသင်္ဂဏီ နိဿယ

နယူးဇီလန်တရားတော် _ ဗောဓိတစ်ထောင်ဆရာတော်

နေပန်းပွင့်၏အပြာရောင်စာမျက်နှာသစ် _ စမ်းစမ်းနွဲ့

နေမင်းလမင်းသိန်းရာထောင် _ ချစ်ဦးညို

နေသူရိန်မှတ်တမ်း , သံတော်ဆင့်သတင်းစာတိုက် , ၁၉၄၆

နတ်စောင့်ပျားနှင့် သားရဲတို့ရွာ _ ဖိုးကျော့

ပဋ္ဌါန်းပါဠိတော် နိဿယ-၁

ပဋ္ဌါန်းပါဠိတော် နိဿယ-၂

ပဋ္ဌါန်းပါဠိတော် နိဿယ-၃

ပဋ္ဌါန်းပါဠိတော် နိဿယ-၎

ပဋ္ဌါန်းပါဠိတော် နိဿယ-၅

ပဋ္ဌါန်းပါဠိတော် နိဿယ-၆

ပဋ္ဌါန်းပါဠိတော် နိဿယ-၇

ပဋ္ဌါန်းပါဠိတော် နိဿယ-၈

ပဋ္ဌါန်းပါဠိတော် နိဿယ-၉

ပဋ္ဌါန်းပါဠိတော် နိဿယ-၁၀

ပရိတ်ကြီး ၁၁ သုတ် ပါဠိ+မြန်မာပြန်

ပိတောက်မြေဆောင်းပါးပေါင်းချုပ်

ပိဋကတ်အသွား.နတ်လမ်းညွှန်အဆန်း _ ဆရာလွန်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရေးတော်ပုံကြီး , လီဘာတီပုံနှိပ်တိုက် , ရန်ကုန် , ၁၉၆၀

ဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီး ဂုဏပူဇာမှတ်တမ်း

ဗိုလ်ချုပ်အောင်ဆန်း၏ အမွိုင်သို့လျှို့ဝှက်ခရီး _ မြင့်ထွန်း

ဘုရားရှိခိုးအမျိုးမျိုး မူဟောင်း နှင့် ၀တ်ရွတ်စဉ်

ဘုရားရှင်တို့၏လက္ခဏာတော်(၃၂)ပါး _ အရှင်နာယကာလင်္ကာရ

မူဆလင်တို့ရဲ့ ကိုရမ်

မိုးကုတ်ဝိပဿနာ ပဏာမအရသာ

မိုးခြိမ်းတာကြောက်တဲ့အမေနဲ့ အခြားပုံပြင်များ _ ဦးသန်းထွတ်

မဂ်ပေါက်ဖိုလ်ဝင်နိဗ္ဗာန်မြင် _ သဲအင်းဂူဆရာတော်

မိန်းမဋီကာ _ အကြည်တော်

မစ္ဇျိမနိကာယ နိဿယ

မစ္ဇျိမပဋိပဒါရှင်းချက် _ ဦးကြည်

မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ _ အောင်သင်း

မြန်မာ - အင်္ဂလိပ် အဘိဓါန်


မြန်မာ့စွယ်စုံကျမ်း အပိုင်း ၁ (က)

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၁ (ခ)

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၂ (က)

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၂ (ခ)

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၃ (က)

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၃ (ခ)


မြန်မာ့စွယ်စုံကျမ်း အပိုင်း ၄ (က)

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၄ (ခ)

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၅ (က)

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၅ (ခ)

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၅ (ဂ)

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၆

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၇

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၈ (က)

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၈ (ခ)

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၉ (က)

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၉ (ခ)

မြန်မာ့ဆေးမီးတို _ နေ၀င်း(လန်ဒန်)

ယမိုက်ပါဠိတော် နိဿယ

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး ဒုတိယပိုင်း _ ဒဂုံခင်ခင်လေး

ရိုးရိုးကြီးဇေယျ၏ဘ၀ခရီး _ မင်းယုဝေ

ရှင်ဥတ္တမကျော်တောလား နှင့် လက်ဝဲသုန္ဒရ ရတုများ

ရှမ်းပြည်နယ်ပြည်သူ့အုပ်ချုပ်ရေးပန္နက်ချပွဲ , ပုံနှိပ်ရေးနှင့်စာရေးကိရိယာဌာန , ၈.၆.၁၉၅၉

ရွှေစည်းခုံမွန်ကျောက်စာ _ ဒေါက်တာဖေမောင်တင်

ဝိပဿနာဂုဏ်ထူးဆောင်တော်ကူးဆရာတော်နှင့် ထူးဆန်းစွာရောဂါပျောက်ခြင်းများ _ ဒေါက်တာမင်းတင်မွန်

ဝံသာနုရက္ခိတ ၀ိနိစ္ဆယဒီပနီ

လီယာမင်းကြီး _ မင်းသုဝဏ်

လူငယ်များကမေးကြသည် ၂ _ ချစ်စံဝင်း

လူတိုင်းသိစေချင်ပါသည် _ အရှင်ဆေကိန္ဒ

လောက၊ဓမ္မ၊ဘ၀၊ နီတိ ပဒေသာ

ဝိဘင်း နိဿယ-၁

ဝိဘင်း နိဿယ-၂

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ နိဿယ-၁

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ နိဿယ-၂

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ နိဿယ-၃

ဝံသာနုရက္ခိတ ၀ိနိစ္ဆယဒီပနီ

သတိရှိဖို့ သတိထားကြစို့ _ အရှင်ဆေကိန္ဒ

သမထဘာဝနာနှင့် ၀ိပဿနာတို့တွင် အောင်မြင်ပေါက်မြောက်ခြင်း _ ဖါးအောက်တောရဆရာတော်+

သာသနမောက္ခနိဗ္ဘိန္ဒကထာ

သာသနာ့တံခွန် စံပြပုဂ္ဂိုလ်ထူး သပြေကန်ဆရာတော်ဘုရား _ ဒေါက်တာမင်းတင်မွန်

သူရေး၍သူကြိုက်သောဝတ္ထုတိုများ _ မြင့်သန်း

သံယောဇဉ်ဖေဖေ _ မြင့်စိုးလှိုင်

သန္ဓေကာတာ _ ဒေါက်တာနိုက်တင်ဂေလ်း

သမ္မောဟ၀ိနောဒနီ နိဿယ

သံယုတ်နိကာယ နိဿယ-၁

သံယုတ်နိကာယ နိဿယ-၂

သံယုတ်နိကာယ နိဿယ-၃

သံယုတ်နိကာယ နိဿယ-၎

သံယုတ်နိကာယ နိဿယ-၅

သံယုတ်နိကာယ နိဿယ-၆

ဟယ်ရီပေါ်တာနှင့်ပြဒါးရှင်လုံး _ နန္ဒသူ

အဆင့်မြင့်ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ _ မလေးငြိမ်

အဘိဓမ္မတ္ထသင်္ဂဟ ပါဌ်နိဿယ _ ဗားကရာဆရာတော်

အမေနှင့် အမေ့အကြောင်း _ ချစ်စံဝင်း

အမေးနှင့်အဖြေ အထွေထွေ _ ခင်မောင်ဇော်

အမှတ်တရ ရွှေ၆၀ _ ၀င်းငြိမ်း

အရိယ၀ါသတရားတော် _ မဟာစည်ဆရာတော်

အရေးတော်ပုံလေးစောင်တွဲ

အရည်အသွေး _ ချစ်စံဝင်း

အရှေ့ကနေ၀န်းထွက်သည့်ပမာ-၁ _ သိန်းဖေမြင့်

အရှေ့ကနေ၀န်းထွက်သည့်ပမာ-၂ _ သိန်းဖေမြင့်

အာဆီယံ ပဋိဥာဉ်စာတမ်း

အာဟာရနှင့်ဆိုင်သောကျန်းမာရေး.. _ ဒေါက်တာအေးကျော်

အားထုတ်ဖြစ်ဖို့အဓိက _ အရှင်ဆန္ဒာဓိက

အေးမြရွှင်ပြုံးလူ့နှလုံး _ ယောဆရာတော်

အင်္ဂုတ္တရနိကာယ နိဿယ

အဋ္ဌသာလိနီ နိဿယ

အနတ္တလက္ခဏာသုတ် ပါဠိ+မြန်မာ

အနှစ်ထုတ်ယူစွမ်းတဲ့လူ _ ယောဆရာတော်

အင်တာဖျီးနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် _ ကံချွန်

အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း _ တက္ကသိုလ်စိန်တင်

အိုင်ဒီယာအက်ဆေးများ _ နေ၀င်းမြင့်

ဣတ္ထိယနှင့်ဆေးပညာ _ ဒေါက်တာနန်းဥမ္မာ

ဦးပေါ်ဦး၏ စကားအလင်္ကာ _ ဦးလှအောင်

ဦးနေ၀င်း၏ပြာတစ်ဆုပ် _ ကြေးမှုံဦးသောင်း

ဧတေန

သြကာသ ဋီကာ _ အရှင်ဓမ္မပီယ

သြ၀ါဒစကားများ _ ဗောဓိတစ်ထောင်ဆရာတော်

HIV မှတ်စုများ _ ဒေါက်တာသီဟ

HTML မိတ်ဆက်